ဖုန်း တစ်လုံး က အနည်း ဆုံး ၃.၇ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.၇ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ်
၁။ လိုဂို ရပ်ခြင်း
၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း
၃။ အားသွင်းပုံ ပြ သော်လည်း အားမ၀င် ခြင်း
၎။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း
၅။ အားသွင်းပုံ မပြ ပဲ လုံးဝ ပါဝါ ပျောက် ခြင်း
ဓာတ်ခဲ တွေက 3.7 ဗို့ မှ 4.2 ဗို့ ကြား ထဲ ရှိရပါမယ် ။
3.7v ထက် လျော့ ပါ က အထက်ပါ error များကြုံ တွေ့ နိုင်ပါတယ် ။
ဘာကြောင့် 3.7ဗို့ အောက် လျော့ ကျ သလဲ ??
အကြောင်း အမျိုးမျိုး ရှိပါတယ် ။ အဓိက အဖြစ် များတာ က တရုတ် ဓာတ်ခဲ တွေ ကြောင့် ပါ ။ ဓာတ်ခဲ သုံးတာ ကြာ ရင် လဲ ဖြစ်တက်ပါတယ် ။
ဖုန်း ic တစ်လုံးလုံး မကောင်း တော့ ရင် လဲ လိုတာ ထက် ပို ပြီး အန်ပီယာ ဆွဲ တဲ့ အတွက် ဖြစ်ပါတယ် ။
ဘယ်လို ဖြေရှင်း မလဲ ???
ပုံ မှန် ဓာတ်ခဲ ထုတ် လို့ ရတဲ့ ဖုန်း တွေ က တော့ ဓာတ်ခဲ ထုတ်ပြီး ညှပ် ခွက် ( ဖားပါးစပ် ) နဲ့ အားသွင်း ကြည့် ပါ ။ 3.0 မှ 3.6 ဗို့ အတွင်း လက်ကျန် ရှိပါက ပြန်သွင်း လို့ အဆင်ပြေ နိုင်ပါတယ် ။ဒါ ပေမယ့် အားကုန်အောင် သုံး တိုင်း ပြန်ဖြစ်နေပါမယ် ။ 3.0V အောက် ရောက်ပါ က
ဆိုင် မှာ ပဲ ပြုပြင် နိုင်ပါတော့ မယ် ။
အကောင်း ဆုံးကတော့ ဓာတ်ခဲ လဲ လိုက်ပါ ။
အထူးသဖြင့် ဓာတ်ခဲ အသေ ဖုန်း တွေ မှာ အတက်နိုင် ဆုံးသတိ ထား သုံး ကြပါ ။ ဥပမာ iphone ၊ Tablet စတာ တွေ ဖြစ်ပါတယ် ။
အဲ့ ဓာတ်ခဲ အသေ ဖြစ်တဲ့ အတွက် ကိုယ် တိုင် လုပ် ဖို့ ခက်ခဲ တဲ့ အတွက် ဆိုင် သွား ရပါမယ် ။စက် ဖြုတ် ရတဲ့ အတွက် ၂၀၀၀ ၊ ၃၀၀၀ လောက် တော့ ပေးရမှာ ပါ ။iphone တွေ ကို တော့ Ipad အားသွင်း ခေါင်း နှင့် ကြိုး ကို အသုံး ပြုပြီး ပြန်လည် သွင်း နိုင်ပါတယ် ။
ကဲ သူငယ် ချင်း တို့ လဲ ဖုန်း ကို Battery Low ပေါ် ရင် ဖုန်းပြော ခြင်း ၊ သီချင်း နားထောင် ခြင်း ၊ Game ဆော့ ခြင်း များ မပြု လုပ် ခြင်း ဖြင့် ရှောင်ရှား နိုင်ပါတယ် ။အကောင်း ဆုံး က ဖုန်း 5% ရောက်ပြီ ဆိုရင် ပိတ်ထား လိုက်ပါ ။
သူငယ်ချင်း တဲ့ ရဲ့ သူငယ်ချင်း တွေ သိအောင် ရှယ် ပေး လိုက်ပါ အုံး ....
Pyae Phyo Hein
Showing posts with label Phone error. Show all posts

Wednesday, February 12, 2014
Saturday, February 8, 2014
***htc firmware flashing error ဖြေရှင်းနည်း***
htc ဖုန်းများကို firmware ပြန်ရေးမယ် ဆိုရင်
တက်တပ်သော error များကို ဖြေရှင်းကြမယ်
1/ error နံပါက် 120 က battery low error ပါ မိမိရဲ့ ဖုန်းမှာ Battery အားအရမ်းနည်းနေလို့ပါ battery ကို အားပြန်သွင်းပါ တစ်ဝက်ကျော်ကျော် ထိ.........
2/ error နံပါက် 110 က ကျွန်တော် တို့ download ဆွဲခဲ့တဲ့ firmware file က ပျက်နေ့လို့ ဒါဆို့ရင် ကျွန်တော် တို့ firmware file ကို download ပြန်ဆွဲရပါမယ်
3/ error နံပါက် 130/131 က model ID /customer ID error ပါ ( ဥပမာ at&t လုံးကို international လုံးရဲ့ firmware နဲ့ လွဲနေတာမျိုးပါ)
4/ error နံပါက် 140 က bootloader older verison error ပါ ဒါကဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ root လုပ်ဖို့လို့ bootloader ကို unlock လုပ်ရပါတယ် custom recovery.img လဲတင်ထားတယ်
bootloader ကို relock ပြန်လုပ်ထားတယ် ဆိုရင် ဒီ error တက်ပါတယ် အဲဒီ error ကို ဖြေရှင်း ဖို့ ရာ bootloader ကို relock မလုပ်ခင် stock recovery.img ကို ပြန်တင်ပေးရပါတယ် ပြီးမှ bootloader ကို relock ပြန်လုပ်ပါ...
5/ error နံပါက် 155-159 တက်ပြီး ဆိုတာ နဲ့ ဖုန်းမှာ RUU security fail ဆိုပြီး တက်နေလိမ့်မယ် ဒါကတော့ bootloader ကို unlock လုပ်ထားတဲ့ အတွက်ပါ .. error နံပါက် 140 လိုမျိုး ဖြေရှင်းလို့ရပါတယ်
ဒါမှ မဟုက် sd card ထဲကို သူရဲ့ official rom zip ကို copy လုပ်ထားပြီ; install လုပ်မယ် ဆိုလဲ ရပါတယ် custom recovery တင်ထားရမယ်နော်...
6/ error နံပါက် 170 က USB Connection error ပါ usb cable ကိုလဲစစ်ကြည့်ရမယ် computer နဲ့ ဖုန်း ရဲ့ usb port တွေလည်း စစ်ကြည့် ပါ driver တင်ထားမထား စစ်ကြည့်ပါ error နံပါက် 170 တက်ခဲ့လို့ရင် ပြောတာနော်......
ဒီ error တွေက ဖုန်း ကို adb mode မှာ ထားပြီး ရေးလို့တပ်တဲ့ error တွေပါ ဖုန်း ကို fastboot mode မှာထား ပြီး ရေးမယ်ဆိုရင် တော့မတက်ပါဘူး fastboot mode နဲ့ရေးမယ် ဆိုရင် ဖုန်း ရဲ့ သက်ဆိုင်ရာ
stock recovery.img,boot.img,system.img တွေလိုအပ်ပါတယ် အဲ့ဒါတွေတော့ နောက်မှ ကျွန်တော် ဆက်လက် တင်ပေးပါမယ်......................
အားလုံးကို ကျေးဇူးတင်ပါတယ် .................
Pyae Phyo Hein
email-pyaephyo.969@gmail.com

Monday, December 16, 2013
Huaweiဖုန်းတွေမှာIMEIပျောက်သွားလို့စိတ်ပူနေတာလား
HuaweiSmartဖုန်းတွေမှာIMEIပျောက်ပြီးဖုန်းခေါ်မရသူတွေအတွက်ပါ
ကဲစပါမယ်…..
ပထမဦးဆုံးအနေနဲ့ကတော့ဖုန်းရဲ့IMEIပျောက်မပျောက်အရင်စစ်ဆေးပါ့မယ်…။
စစ်ဆေးပုံကိုသိပြီးသားဖြစ်မှာပါ*#06#ကိုနှိပ်ပြီးစစ်ဆေးလိုက်ပါ။
IMEIမှာဘာမှမပေါ်တော့ပါဘူးဒါမှမဟုတ်nullပေါ်နေပြီဆိုရင်တော့သေချာပါတယ်…။
အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ.ကျွန်တော်အကိုတိုးအောင်ခိုင်(ပျဉ်းမနား)ကတော့Huawei
U8825Dနဲ့ပြပေးတာဖြစ်ပါတယ်.
ကဲစလိုက်ရအောင်ဗျာ….
-ပထမဆုံးDialerကနေပြီးတော့*#*#2846579#*#*ကိုနှိပ်ပြီးengineering modeကိုဝင်လိုက်ပါ…..
-ပြီးရင်တော့ProjectMenu/Background setting/Usb ports setting and select Manufacture mode
ကိုရွေးပေးပါ….
-ပြီးရင်Back Keyကိုနှိပ်ပြီး Background setting ကိုဝင်ပြီး Qualcomm background open setting ကိုသွားပါ ပြီးရင်တော့ background openကိုရွေးပါ (pass is 0 (ZERO))
-ပြီးရင်တော့ဖုန်းကိုUnknown Sourceနဲ့USB DebuggingကိုOnထားလိုက်ပြီးဖုန်းကိုRestartချလိုက်ပါ။
-ကွန်ပျူတာမှာတော့DFS ToolကိုInstallလုပ်ပါ။DFS Toolမရှိပါကဒီမှာမှာ
ဒေါင်းလိုက်ပါ။Install လုပ်ပြီးပြီဆိုရင်တော့DFS Toolကိုrunပြီးဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။
-ပြီးတော့PortsကိုသွားပြီးdbAdapter Reserved InterfaceကိုDouble Clickနှိပ်လိုက်ပါ။
-ပြီးရင်တော့Ports Windowကိုပိတ်လိုက်ပါ….၊
-Programming tabကိုရွေးလိုက်ပါ။ပြီးရင်တော့IMEIအကွက်ထဲမှာမိမိဖုန်းရဲ့IMEIနံပါတ်ကိုမှန်ကန်စွာရိုက်
ပြီးwriteလုပ်လိုက်ရုံပါဘဲ။
-ပြီးပြီဆိုရင်တော့Portsကိုပြန်သွားပြီးdbAdapter Reserved Interface ကိုdisabeလုပ်လိုက်ပါ။ပြီးရင်တော့
ဖုန်းကိုဖြုတ်လိုက်ပါ။
-ပြီးရင်တော့engineering menuကိုပြန်ဝင်ပါ၊ပြီးရင်ProjectMenu/Background setting/Usb ports setting and select Normal modeကိုပြန်ရွေးပါ။
-ပြီးရင်Background settingကိုပြန်ဝင်ပြီးQualcomm background open settingကိုဝင်ပြီးbackground closeကိုရွေးလိုက်ပါ။
-ပြီးရင်တော့ဖုန်းကိုRestartလုပ်လိုက်ပါ။
ပြန်တက်လာရင်Sim-Cardထည့်ပြီးအသုံးပြုလိုက်ရုံပါဘဲ……

Subscribe to:
Posts (Atom)