Monday, January 27, 2014

Windows 8 မှာ မရှိမဖြစ် ထည့်ပေးရမယ့် Net Framework 3.5 ကို Online-Offline ၂-နည်းဖြင့် Install ထည့်နည်း

 Net Framework 3.5 ကို Offline Install ထည့်နည်းကတော့ အောက်မှာပေးထားတဲ့ CMD ကုဒ်တွေကို မိမိတို့ ဝင်းဒိုးရဲ့ Notepad မှာ copy ကူးထည့်ပြီး .bat ဖိုင်ဖေါ်မတ်နဲ့ အရင်သိမ်းလိုက်ပါ..။ J: နေရာမှာ မိမိတို့စက်ရဲ့ DVD Drive Letter ကို ထည့်ပါ..။

    dism /online /enable-feature /featurename:NetFx3 /All /Source:J:\Sources\sxs /LimitAccess

Net Framework 3.5 မထည့်ရသေးတဲ့ Windows 8 တွေမှာတော့ အပေါ်နဲ့ အောက်ကပုံတွေအတိုင်း ပေါ်လာမှာပါ..။ အင်တာနက်ရှိတဲ့ နေရာမှာဆိုရင်တော့ အောက်ကပုံအတိုင်း Download စာသားနေရာကို ကလစ်ပြီး ဒေါင်းယူ ထည့်ပေးလိုက်ရင် အဆင်ပြေပေမယ့်၊ အင်တာနက်မရှိတဲ့၊ မရတဲ့ နေရာတွေမှာ ဆိုရင်တော့ အခုဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့မှ အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 

Offline နည်းကို အသုံးပြုမယ့် သူများကတော့ မိမိတို့ရဲ့ ဝင်းဒိုး တင်ထားပြီးတဲ့ Windows 8 DVD ကို DVD Drive ထဲထည့်ပါ..။ ပြီးရင်တော့ အပေါ်ကပုံမှာ ပြပေးထားတဲ့အတိုင်း DVD Drive ရဲ့ Letter ကို မှတ်ထားလိုက်ပါ..။ ကျနော့်စက်မှာတော့ အပေါ်ကပုံအတိုင်း J လို့ ပေါ်နေပါတယ်..။
နောက်တဆင့်မှာတော့ Windows 8 မှာ Notepad ကို အလွယ်ဖွင့်လို့ အဆင်ပြေအောင် Windows Logo + R နဲ့ Run ဘောက်စ်ကို ဖွင့်ပြီး အောက်ကပုံအတိုင်း Notepad လို့ ရိုက်ထည့်ပြီး OK / Enter ပေးလိုက်ရင် Notepad ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီ Notepad မှာ အပေါ်ကပေးထားတဲ့ CMD ကုဒ်တွေကို ထည့်ပါ..။ ပြီးရင် အောက်ကပုံတွေအတိုင်း .dat ဖေါ်မတ်၊ All File နဲ့ သိမ်းလိုက်ပါ..။ 


အပေါ်ပုံမှာ ပြထားတဲ့ J နေရာကတော့ မိမိတို့စက်ရဲ့ DVD Drive Letter ကို ပြောင်းထည့်ပေးရမယ့် နေရာပဲ ဖြစ်ပါတယ်..။ Letter ကို အကြီးစာလုံးနဲ့ ရေးထည့်ပါ..။ ကျနော့် စက်မှာ ပေါ်တဲ့အတိုင်း လုပ်ပြထားခြင်းပါ..။ ပြီးရင်တော့ အောက်ကပုံတွေအတိုင်း သိမ်းလိုက်ပါ..။


Name နေရာမှာ အပေါ်ကပုံအတိုင်း netframe 3.5.bat နဲ့ All Files ပြောင်းပြီး Desktop မှာ ရွေးပြီး Save ပါ..။ အောက်ကပုံအတိုင်း Desktop မှာ ပေါ်လာရင် ပိတ်ပစ်ပြီး အသုံးပြုလို့ ရပါပြီ..။
ဒီ .bat ဖိုင်လေးကို ဖွင့်ပြီး အသုံးပြုတဲ့အခါမှာတော့ အောက်ကပုံအတိုင်း Right Click >> Run as administrator နဲ့ Run ပေးရမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ စက်ထဲမှာ Windows 8 DVD ခွေ ထည့်ထားဖို့ မမေ့ပါနဲ့..။

အပေါ်ကပုံအတိုင်း Run လိုက်ရင်တော့ အောက်ကပုံအတိုင်း CMD ဘောက်စ်လေးနဲ့ ပေါ်လာမှာပဲ ဖြစ်ပြီး အလိုလို Net Framework 3.5 ကို ဝင်းဒိုးအခွေထဲကနေ Install ထည့်ပေးပါလိမ့်မယ်..။ အားလုံးပြီးသွားတဲ့အထိ ထိုင်စောင့်နေလိုက်ပါ..။ ၁၀-မိနစ်လောက် ကြာနိုင်ပါတယ်..။ အဲ့ဒီထက်လည်း ပိုကြာနိုင်ပါတယ်..။





အောက်ကပုံကတော့ ကျနော့်စက်မှာ ခဏလေးပဲ ပေါ်ပြီး ပျောက်သွားတာဖြစ်လို့၊ ပုံရိုက်ယူဖို့ မမှီလိုက်တဲ့အတွက် ကြည့်လို့ အဆင်ပြေစေမယ့် ပုံတပုံကို အင်တာနက်မှာ ရှာယူပြပေးလိုက်ခြင်းပါ..။


အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် Install ထည့်ပြီးလို့ 100% ပြည့်သွားရင်တော့ Successfully စာသားနဲ့အတူ ဒီ CMD ဘောက်စ်လေး ပိတ်သွားပါလိမ့်မယ်..။ ဒါဆိုရင်တော့ မိမိတို့ရဲ့ စက်ကို Restart ပေးပြီး.. အပေါ်ဆုံးမှာ ပြထားတဲ့ Install ထည့်လို့ မရတော့တဲ့ ဆော့ဝဲလ်တွေကို အောက်ကပုံအတိုင်း ကျနော့်စက်မှာ Install ထည့်လို့ ရသွားပါပြီ..။ 



ဒါကတော့ ဝင်ဒိုးအခွေကနေ Offline နဲ့ Install ထည့်နည်းပါ..။ Online နဲ့ Install ထည့်နည်းကို အောက်ကပုံတွေအတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ရင် ရပါပြီ..။
==========       ==========
ကျနော်တို့ Windows 8 မှာ Net Framework 3.5 ကို အင်တာနက်ကနေ Online Install ထည့်မယ်ဆိုရင်တော့ Windows 8 တင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း ဆော့ဝဲလ်တွေ မထည့်ခင် လုပ်ပေးလိုက်ရင် အလိုလို လိုင်းပေါ်ကနေ ဒေါင်းယူထည့်ပေးမှာပဲ ဖြစ်ပါတယ်..။
အရင်ဆုံး အောက်ကပုံအတိုင်း Windows 8 ရဲ့ အေက်ဆုံး ဘယ်ဘက်ထောင့်နေရာမှာ Right Click ထောက်ပြီး Control Panel ကို ဖွင့်ပါ..။ 


ပြီးရင်တော့ Programs ကို ဆက်ဖွင့်ပါ..။


အောက်ကပုံလေး ၂-ပုံအတိုင်း Turn Windows features on or off စာသားပါတဲ့ နေရာကို ရှာပြီး ဝင်သွားလိုက်ပါ..။



အေက်ကပုံအတိုင်း Net Framework 3.5 စာသားပါတဲ့ နေရာမှာ စာကြောင်းမှာ အမှန်ထည့်ပေးပြီး OK ပေးလိုက်ပါ..။


နောက်တဆင့်မှာတော့ အောက်ကပုံအတိုင်း Download စာသားပါတဲ့ နေရာကို ဆက်ကလစ်ပေးလိုက်ရင် အင်တာနက်ကနေ ဒီ Net Framework 3.5 ဖိုင်ကို ရှာပြီး ဒေါင်းယူ Install ထည့်ပေးပါလိမ့်မယ်..။ 





အပေါ်ကပုံအတိုင်း Completed စာသားလေးနဲ့ ပေါ်လာရင်တော့ Close ပေးပြီး မိမိတို့ရဲ့ Windows 8 ကို အောက်ကပုံအတိုင်း Restart ပေးလိုက်လို့ ရသွားပါပြီ..။ 

Net Framework 3.5 ကို Offline နဲ့ပဲ ဖြစ်ဖြစ်၊ Online နဲ့ပဲဖြစ်ဖြစ် Windows 8 တွေမှာ ထည့်ပေးမှသာ တခြား ဆော့ဝဲလ်တွေကို ကောင်းစွာ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။
credit-http://lwinminbo.blogspot.com

Wednesday, January 1, 2014

C8600 ကို CWM Recovery ကနေ root လုပ်နည်း

အရင်ဆုံးဖုန်းလေးကို CWM Recovery သွင်းရအောင်ဗျာ
ဒီလင့်မှာC8600 အတွက် CWM recovery လေးကိုဒေါင်းလိုက်ပါ
ပြီးရင်ဖိုင်လေးကိုဖြည်ချလိုက်ပါအောက်ပါအတိုင်းထွက်လာပါလိမ့်မယ်
8600recovery.bat file လေးကို run လိုက်ပါ
ဒါဆိုရင်တော့ CWM recovery သွင်းပြီးပါပြီ
Volume up + power နှိပ်ပြီး recovery ၀င်ပါ
 root လုပ်ရန်ဖိုင်ကိုဒီမှာဒေါင်းလိုက်ပါပြီးရင် SD cardထဲထည့်ပြီး
CWM recovery ၀င်ပါ install zip from sd card ကိုရွေးပါ Choose zip from sd card ကိုရွေးပြီး
C8600 root.zip ကိုရွေးပြီး flash လိုက်ပါ။ပြီးရင်တော့ reboot ပြန်လုပ်လိုက်ပါ superuser ကိုတွေ့ပါပြီ
အဆင်ပြေပါ့စေခင်ဗျာ